ဟိုတနေ့က အစ်မတူတူ ကျွန်တော့ကို စာချွှန်လွှာနဲ့ရော လိုင်းပေါ်ကနေရော Arial font ဖြစ်နေလို့ ကျွန်တော်ရေးတဲ့ ပိုစ့်တွေ ဖတ်လို့မရဘူးလို့ပြောတယ် အဲ့တာနဲ့ ကျွန်တော် လိုက်ပြင်ပေးမယ်ပေါ့ ပထမတော့ နောက်တော့ စဉ်းစားမိတာလေး တခု ရှိတာက firefox မှာ ကျတော့ Error မတက်ဘူး Chrome မှာ ဖြစ်နေတာ ဆိုတော့ ကျွန်တော် သဘောပေါက်လိုက်ပါတယ်။ ကျွန်တော့ မှာ ဘာကြောင့် မဖြစ်ရတာလည်းပေါ့ ။ ကျွန်တော့မှာ zawgyi ပဲ့ ဖြစ်ဖြစ် Unicode ပဲ့ ဖြစ်ဖြစ် Chrome မှာ ကောင်းကောင်း ဖတ်လို့ ရတယ်။ ဒါနဲ့ ကျွန်တော် Extension တွေ ပြန်စစ်လိုက်တော့မှ ကျွန်တော် သုံးနေကြ Font tagger လေး ရမ်းထားလို့ ကျွန်တော့မှာ Error မတက်တာ ဆိုတာ သိတယ်။ ဒီတော့ တခြားမိသားစုတွေ မသိသေးတဲ့ မောင်နှမတွေတွက် ဒီပိုစ့်ကို ကျွန်တော် သက်သက် ထုတ်ရေးပေးလိုက်တာပါ။
Chrome မှာ Zawgyi ရော Unicode ရော အဆင်ပြေပါတယ်။ ဟိုးအရင်ကတည်းက သုံးနေတာတော့ ကြာပါပြီ။ ထုတ်ထားတုန်းကတော့ Lion တွက် ထုတ်ခဲ့တာပါ။ နောက်ပိုင်း သုံးကြည့်ရင်း ကြိုက်တာနဲ့ chrome သုံးပြီးတိုင်းဒါလေးကို သုံးဖြစ်သွားတာ ဒါကြောင့် စာရေးစာဖတ်ဖို့ Chrome မှာ ပြေလည်နေခဲ့တာ ။ တချို့က အခု Chrome မှာ Zawgyi ကို support လုပ်ပြီလို့ ထင်နေကြတယ်။ အကုန်လုပ်ပြီလားဆိုတော့လည်း မဟုတ်သေးဘူး။ အပြည့်အလုပ်မလုပ်သေးပါဘူး။ တချို့ဆိုဒ်တွေမှာ လုပ်တယ်။ တချို့ဆိုဒ်တွေမှာ Error တက်တယ်။
ဒါကြောင့် ကျွန်တော်ဖော်ပြတဲ့ Extension ကို သွင်းပြီး သုံးကြည့်ပါ။ အောက်က ပုံနဲ့ ဖော်ပြထားပါတယ်။ ဟိုနေ့က ကျွန်တော် တင်တဲ့ ပိုစ့်တွေကို Error တက်နေတာရယ် ချက်ဘောက်မှာ မေးထားတာလေးရှိနေုလို့ ကျွန်တော် chrome ကနေ ဒီ Extension အဖြုတ်အတပ်လေး လုပ်ပြီး ပြန်စမ်းပေးလိုက်ပါတယ်။ ပုံကိုကြည့်ပါ။
အားလုံးအဆင်ပြေကြပါစေ...
သန့်ဇင်ဌေး
0 comments:
Post a Comment