ကျွန်တော် ဒီအကြောင်းအရာကို ရေးဖို့ အတွေ့အကြုံ ၃ ခါလောက်ယူဖြစ်ခဲ့ပါတယ်။ ဘာလို့ ဒီအကြောင်းအရာကိုရေးချင်ရတာလည်းဆိုရင် ကျွန်တော်တို့ ခုနောက်ပိုင်း laptop တွေကို ၀ယ်တဲ့ အချိန်မှာ သတိထားမိလားတော့ မသိဘူး အနည်းဆုံး window 7 home premium ဒါမှ မဟုတ် home basic တော့ ပါလာကြတယ်။ ဒီ OS တွေတွက် Laptop ၀ယ်လိုက်ရင် OS ဖိုးကို တခါတည်း ယူထားလိုက်တာပါ..။ ဒီတော့ ဒီ OS တွေက Full version တနည်းပြောရရင် ၀ယ်သုံးထားတဲ့ OS လို့ ပြောလို့ ရပါတယ်။ License မညိဘူး ဆိုပါတော့... ဒီတော့ ၀ယ်လာလို့ ရှိရင် ကျွန်တော်တို့ တခြားနိုင်ငံတွေမှာ နေတဲ့ သူတွေဆိုရင် Language တွေ မတူကြဘူး။ အထူးသဖြင့် ရုရှား. ပေါ့..။ ရုရှားလို ရလာတဲ့ OS ကို ကျွန်တော်တို့က Backup လုပ်ပြီး window ခွေပြန်ရိုက်ထားချင်တယ် ဆိုရင်တောင် ရုရှားလိုက ကွန်ပျုတာပိုင်းကို အကုန်မသိနိုင်ဘူး။ ဒါကတော့ ဘာသာစကားအခက်ခဲ့ပေါ့။
နောက်တခုက ကိုယ် စိတ်ကြိုက်သုံးဖို့တွက် English က ငယ်ငယ်ကတည်းက သုံးလာတာဆိုတော့ ပိုပြီး မျက်စိယဉ်တယ် ပိုနားလည်တယ်ပေါ့။ အဲ့တော့ English language ပြောင်းပြီးမှ Backup လုပ်မယ်။ ခွေရိုက်မယ်။ ဒါမှမဟုတ်လည်းး ဒီ OS ကိုပဲ ဆက်သုံးမယ် ဆိုပါတော့ ဒါဆိုရင် ကျွန်တော်တို့ မူရင်းရှိနေတဲ့ ရုရှား ဘာသာစကား window ကနေ English window ကို ပြောင်းကြည့်ကြရအောင်...
ဒါအတွက်တော့ ဆော့ဝဲ ၂ မျိုးလိုပါတယ်။ ဘာတွေလိုလည်းဆိုတော့ Language pack နဲ့ Vistalizator ပါ။ Vistalizator ကို ဒီနေရာကနေ သွားဒေါင်းပေးပါ.။http://www.froggie.sk/download.html
Language pack ကိုတော့ ကျွန်တော်တို့ ဒီအောက် လင့်မှာ သွားဒေါင်းရပါမယ်။
http://www.froggie.sk/7lp32rtm.html
ဒီနေရာမှာ တချက်ပြောစရာရှိပါတယ်။ ဆိုင်က ၀ယ်လာတုန်းက တင်ပေးလိုက်တဲ့ window က vista လား Window 7 လား သိရမယ့် အပြင် 32 bit or 64 bit လား သိရပါမယ်။ ဒါကို ဘယ်လိုကြည့်မလဲဆိုရင် My computer ကို ညာကလစ်ထောက်ပြီး.. Properties ကို သွားကြည့်ရင် အောက်က အနီနဲ့ ၀ိုင်းပြထားတဲ့ နေရာမှာ 32 bit .64 bit ခွဲပေးထားပါတယ်။
32 bit ပုံ
64 bit ပုံ
ရလာတဲ့ Vistalizator ကို အရင် ရမ်းလိုက်ပါ. ဒါဆိုရင် အောက်က ပုံလို ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ Language pack လိုလာပါပြီ။Language pack ကိုတော့ ကျွန်တော်တို့ ဒီအောက် လင့်မှာ သွားဒေါင်းရပါမယ်။
http://www.froggie.sk/7lp32rtm.html
ဒီနေရာမှာ ပြောချင်တာက အပေါ်မှာ ကြည့်ခဲ့တဲ့ချိန်မှာ 32 bit ဆိုရင် ကိုယ်ပြောင်းမဲ့ Language ကလည်း 32 ပဲ့ ဖြစ်ရပါမယ်။ ဥပမာ ၃၂ ဆိုရင် Download 32-bit Windows 7 RTM MUI Language Packs အောက်ထဲ့မှာ ရှိတဲ့ အထဲ့ကနေ ကိုယ်ပြောင်းချင်တဲ့ Language ကိုေ ရွးပြီး ဒေါင်းလုပ်ချပါ။အခုက English ကိုပြောင်းချင်တာ ဖြစ်တဲ့ အတွက် english ကိုပဲ့ ဒေါင်းပါမယ်။
ပထမဆုံး Vistalizator ကို ဖွင့်လိုက်ရင် အောက်ကပုံလို Add language ကိုတွေ့ပါလိမ့်မယ်။ဒီနေရာမှာတော့ ကျွန်တော်တို့ စောနက ဒေါင်းလုပ်ချခဲ့တဲ့ဖိုင်ကို ( English language ) ကိုရွေးပေးရပါမယ်။
ရွေးပေးလိုက်ရင် အောက်ကပုံလေးလိုပေါ်လာပါလိမ့်မယ်။
Install Language လုပ်မလား Cancel လုပ်မလား မေးပါတယ်။ ကျွန်တော်တို့က English Language ကို ချိန်းချင်တာ ဖြစ်တဲ့ အတွက် Install language ကိုရွေးပေးလိုက်ပါ
အောက်က ပုံမှာ အဆင့် လိုက်သွားနေတဲ့ ပုံလေးကို တွေ့ရပါမယ်။
နောက်ဆုံး အဆင့်ကတော့ Restart ချဖို့ တောင်းဆိုတာပါပဲ့ ဒီအဆင့်မှာ Ok ပေးလိုက်ပါ။ Restart ကျသွားပါလိမ့်မယ်။ ပြန်တက်လာရင်တော့ ဒီ OS က English language ပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။
Photo from … froggie.sk
ဒီအဆင့်ထိ အောင်မြင်သွားပြီဆိုရင်တော့ ကျွန်တော်တို့တွေဟာ အောင်မြင်စွာနဲ့ Language ကိုချိန်းနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ကွန်ပျုတာ အသစ် ၀ယ်လာပြီဆိုရင် သေချာနားမလည်တဲ့ ဘာသာ ရပ်တခုနဲ့ ကွန်ပျုတာ ကိုင်တွယ်ဖို့ မလွယ်တာကို အခု english ဘာသာစကားနဲ့ ကိုင်တွယ်လို့ ရပြီဆိုတာထက် Laptop ၀ယ်တုန်းက ပါလာတဲ့ OS က Full OS ပါ.။ သူ့ကို Recovery လုပ်ပြီး ခွေရိုက်ဖို့အတွက်လည်း ပိုပြီး အဆင်ပြေသလို ဒီ OS ပဲ့ သုံးချင်တယ်ဆိုရင်လည်း အဆင်ပြေပါပြီ။
နောက်ပိုင်းမှာ ကျွန်တော် ၀ယ်လာတဲ့ Laptop အသစ်တွေကနေ OS ကို backup လုပ်ပြီး Window ခွေ ဘယ်လို ပြန်ရိုက်ထားနိုင်မလဲ့ ဆိုတာကို ဆက်လက်ရှင်းပြပေးပါဦးမယ်။ …
အားလုံးပျော်ရွှင်ချမ်းမြေ့စွာလေ့လာနိုင်ပါစေ...
သန့်ဇင်ဌေး
0 comments:
Post a Comment