Home » , » Alpha > Beta > RC > Final versions များ၏ အဆင့်လိုက် ကွာခြားချက်များ။

Alpha > Beta > RC > Final versions များ၏ အဆင့်လိုက် ကွာခြားချက်များ။



Software/OS ထုတ်လုပ်သူတွေဟာ Software/OS တစ်ခုကို ဖန်တီးတဲ့ အချိန်မှာ ဘယ်တော့မှ တစ်ခါတည်း အပြီးသတ် အချောထည် တစ်ခု အနေနဲ့ မထုတ်လုပ်လိုက်ပါဘူး။ Alpha > Beta > RC > Final ဆိုပြီး အဆင့် လေးဆင့် အနေနဲ့ ထုတ်လုပ်ပါတယ်။

Alpha versions - Alpha ဆိုတာကတော့ ဆော့ဖ်ဝဲလ် တစ်ခု စတင် ထုတ်လုပ်ခါစ functions တွေကလည်း မပြည့်စုံ - Stable ကမဖြစ် - Bug တာလည်း ခဏခဏ ဖြစ် - users တွေလိုချင်တဲ့ features တွေကလည်း စုံစုံလင်လင်မရှိ - ဒါပေမယ့် အဲတာကိုပဲ developer တွေ - users တွေထဲကမှ စမ်းသပ် သုံးစွဲကြည့်ချင်သူတွေ အတွက် စမ်းသပ်သုံးစွဲခိုင်းပြီး လိုအပ်ချက်တွေကို အကြံဥာဏ် ပေးနိုင်အောင် ထုတ်ပေးလိုက်တဲ့ versions အဆင့် ဖြစ်ပါတယ်။

BETA versions - BETA ဆိုတာကတော့ သူ့ထက်နဲနဲ မြင့်လာပါတယ်။ သူ့မှာတော့ functions တွေ Alpha တုန်းကထက်ပိုပြီး စုံစုံလင်လင်ပါဝင်လာပါပြီ။ ဒါပေမယ့် သူက Stable မဖြစ်သေးဘူး။ users တွေလိုချင်တဲ့ features တိုင်းလည်း စုံစုံလင်လင် မပါဝင်နိုင်သေးလို့ ဖြည့်တုန်း အဆင့်ပဲ ရှိသေးတယ်။ နောက်ပြီး Alpha လိုပဲ developer တွေ - users တွေထဲကမှ စမ်းသပ် သုံးစွဲကြည့်ချင်သူတွေ အတွက် စမ်းသပ်သုံးစွဲနိုင်အောင် အလကား ထုတ်ပေးထားပြီး feedback ကနေ ပြန်လာတဲ့ အားနည်းချက်တွေကို လက်ခံပြီး ပြင်ဆင်လုပ်ဆောင်ပေးတယ်။

RC versions - RC versions ဆိုတာ Release Candidate ဖြစ်ပြီး Final Release အဖြစ်ထုတ်လုပ်ဖို့ရာ အတွက် တော်တော်လေး နီးစပ်ပြီဆိုတဲ့ အဓိပ္ပါယ်နဲ့ ထုတ်လုပ်ထားတဲ့ versions ပါ။ သူ့မှာ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့ versions တွေနဲ့ မတူတော့ပဲ functions တွေကလည်း တော်တော်စုံသွားပြီ။ developer တွေ ၊ စမ်းသပ်သုံးစွဲသူ users တွေကလည်း အကြံပြုထားတဲ့ ထောက်ပြထားတဲ့ အကြောင်းအရာတွေ တော်တော်များများကိုလည်း ဖြည့်စွက်ထားပြီးပြီ။ Stable လည်း တော်တော်ဖြစ်နေပြီ။ ဒါပေမယ့် လုံးဝကြီး ပြည့်စုံပြီလား ဆိုတော့လည်း မဟုတ်သေးဘူး။ မဆိုစလောက်လေး အချောသတ် ပြင်ဆင်ဖို့ရာ ကျန်နေသေးတယ်။ နဲနဲလေး Bug တာလည်း ရှိနေသေးတယ်။ အဲ့တာတွေကို အချောသတ်ပြင်ဆင်ပြီး Final အဖြစ် မထွက်ရှိခင် users တွေ စမ်းသပ်သုံးစွဲဖို့ အလကား ထုတ်ပေးထားတဲ့ versions ကို RC versions လို့ ခေါ်ပါတယ်။

Final ( or ) RTM - သူကတော့ လိုအပ်ချက် အားလုံး ပြင်ဆင်အပြီး - Stable အဖြစ်ဆုံး versions ဖြစ်ပါတယ်။ သူ့ကိုတော့ အလကား သုံးစွဲခွင့် မပေးတော့ပါဘူး။ သုံးစွဲချင်တယ် ဆိုရင် ပိုက်ဆံပေးသုံးရတယ်။ လိုအပ်ချက် အားလုံး ပြင်ဆင်အပြီး - Stable အဖြစ်ဆုံး versions ဖြစ်တယ်လို့ ဆိုပေမယ့် Final versions တွေဟာ အမြဲတမ်း Latest versions ဖြစ်နေမှာတော့ မဟုတ်ပါဘူး။ ဒီ Final versions ရဲ့ နောက်မှာ နောက်ထပ် versions တွေ ထပ်ထွက်လာဦးမှာ ဖြစ်ပါတယ်။

VL Edition အကြေင်းလေး ရှင်းပြပေးပါဦး။                               

* VL Editions ဆိုတာ volume license editions ဖြစ်ပြီး စီးပွားရေး လုပ်ငန်းသုံး users တွေအတွက် ဦးတည်ပြီး ထုတ်ထားတဲ့ Editions တွေကိုခေါ်ပါတယ်။ သူ့ Products တွေကို Activate လုပ်တဲ့ အခါမှာ MAK လို့ခေါ်တဲ့ ( Multiple Activation Keys ) Method နဲ့ KMS ( Key Management Server ) Method ဆိုတဲ့ နည်းလမ်း နှစ်မျိုးကို အသုံးပြုပါတယ်။ နောက်ထပ်ရှိသေးတာကတော့ ကိုအောင်လွင်ဦး ရံဖန်ရံခါ အင်တာနက်ထဲမှာ တွေ့မိတာတွေရှိပါလိမ့်မယ်။ - N Editions တို့ KN Editions တို့ -
* N Editions ဆိုတာ EU market မှာ ဖြန့်ဖြူးဖို့အတွက် ထုတ်လုပ်ထားတဲ့ Editions တွေဖြစ်ပြီး သူ့မှာ Windows Media Player မပါဝင်ပါဘူး။ ကျန်တာတွေတော့ အားလုံး တူတူပဲ ဖြစ်ပါတယ်။
* KN Editions ဆိုတာကတော့ Korean Market အတွက် ထုတ်လုပ်ထားတဲ့ Editions တွေဖြစ်ပြီး သူ့မှာလည်း Windows Media Player ဒါမှမဟုတ် Instant Messenger မပါဝင်ပါဘူး။

Editions တွေက တစ်ခု မထည့်ထားတာနဲ့ Editions နာမည် တစ်မျိုးပြောင်းပြောင်းသွားပါတယ်။ ဥပမာ - Windows 7 E ဆိုရင် သူ့ Windows မှာ Internet Explorer မပါဝင်ပါဘူး။ စသဖြင့် ဖြစ်ပါတယ်။ 

Credit To KznT

အဆင်ပြေပါစေ.. 
သန့်ဇင်ဌေး

0 comments:

Post a Comment

 
Copyright © 2011. IT dreams for Myanmar Youth - သန့်ဇင်ဌေး
Template Modify by TzH
Proudly powered by Blogger