Window 7 ,XP နှင့် Ubuntu DVD Collections and Sharing
ကျွန်တော် စာမရေးဖြစ်တာ အတော်ကိုကြာသွားပါပြီ။ ကျောင်းပိတ်ရက်ဆိုတော့ လျှောက်လည်ပတ်နေတာရော ပြည်တော်ကို ပြန်တော့မှာရော ဆိုတော့ မြန်မာ မိသားစုမှာလည်း စာမရေးဖြစ်တော့သလို ကျွန်တော် စာရေးနေကျ ဖိုရမ်တွေ အကုန်လုံးမှာ စာမရေးဖြစ်တော့တာပါ။ ဒီမှာမှ မဟုတ်ဘူး ။ ဘယ်ဖိုရမ် ဘယ်ဆိုဒ်မှာမှ မရေးဖြစ်တော့တာပါ။ အရင်က ဘာပဲ့ ဖြစ်ဖြစ် တနေ့ကို တပိုစ့်လောက်တော့ ရေးဖြစ်တယ်။ ဒီနေ့လည်း ဘာရယ် မဟုတ်ပါဘူး။ window 8 လည်းပေါ်ကာနီးမို့ Window 7 နဲ့ XP တုန်းက စုထားတဲ့ Collection လေးတွေကို ပေးချင်တာနဲ့ ပိုစ့်တခု ရေးဖြစ်တာပါ။ window 8 အကြောင်းကိုလည်း ညီမလေး တစ်ယောက် တောင်းဆိုထားတာ ရှိပါတယ် ။ ရေးပေးဖို့ ပြင်ထားပြီးပါပြီ။ မကြာမှီလာမည် မျှော်ပေါ့နော် .. :P
ဒီပိုစ့်ပြီးရင် ကျွန်တော် နောက်ထပ် Ebooks တွေကို မျှပေးဖို့ ရှိပါတယ်။ ဒီမှာပဲ့ လာတင်ဖြစ်မယ် ထင်တယ်။ဟိုတလောကတော့ ဆိုဒ်လေး တဆိုဒ်လုပ်ပြီး Ebook တွေကို တင်မယ် စိတ်ကူးခဲ့တာ နောက်ပိုင်းတော့ ဆိုဒ်က ပြင်ရမှာ နဲ့ ဘာနဲ့ဆိုပြီး ကျွန်တော် ဆိုဒ်ဘက်ကို မလှည့်တော့ပဲ့ ပိုစ်တပို့စ်အနေနဲ့ပဲ့ တက်မယ်ဆိုပြီး တွေးထားတာပါ။ ဒါကတော့ ကြော်ငြာဝင်တာပါ။
Window 7
Window 7 အကြောင်းပြောတော့မယ်ဆိုရင် ကျွန်တော် အရင်က ဖိုရမ်မှာ Version များအကြောင်းဆိုပြီး ရေးခဲ့ဘူးတာ ရှိပါတယ်။ အဲ့တာက ကျွန်တော် ထွက်မယ့်စာအုပ်ရဲ့ အစနိဒါန်းပါ။ အဲ့အကြောင်းအရာကို www.globalitmyanmar.org/forum မှာ သွားဖတ်လို့ ရပါတယ်။ အဲ့မှာဖတ်ပြီးသွားပြီဆိုရင်တော့ ကျွန်တော်တို့ Window version တွေ တခုနဲ့ တခု ဘာကွာတာလည်းဆိုတာကို သိလာပါလိမ့်မယ်။ ဒီချိန်ဆိုရင် ကိုယ့်စက်မှာ ဘယ် version က ကိုက်ညီမယ်ဆိုတာကို ကိုယ်တိုင်သိရင် ရွေးချယ်နိုင်လာမှာပါ။
အောက်မှာ Window 7 version များအကြောင်းကို ဖော်ပြလိုက်ပါတယ်။
အပိုင်း ၁ ..(က) Window Version များအကြောင်း
ကျွန်တော်တို့ နေ့စဉ် ထိတွေနေတဲ့ အင်တာနက်ပေါ်က software တွေ အကြောင်းကနေပဲ့ စကြတာပေါ့ ။ ကိုယ်သုံးနေတဲ့ Version က ဘာအမျိုးအစားဆိုတာတော့ သိဖို့လိုတယ်။ version လိုက်မှာ ဘာတွေ ကွာခြားချက်တွေ ရှိလဲ့ ဘယ်လိုမျိုး Performent ရှိလည်းဆိုတာကို သိဖို့ လိုပါသေးတယ်။ ဒါကြောင့် Version တခုချင်းဆီလိုက်.. Alpha version ဆိုတာ ဘယ်လို Version .. Beta ဆိုတာ ဘာလဲ့ဆိုတာကို ကျွန်တော် ရှင်းပြပါ့မယ်။ ဒီလို မသိထားရင် ဘာဖြစ်မလဲ့ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး. သာမာန် User တယောက်တွက်ကတော့ ဒါတွေ မသိထားလည်း ကိစ္စ မရှိပါဘူး။ ဒါပေ့မယ် သိထားဖို့တော့ လိုအပ်ပါတယ်။ ကျွန်တော် စာတွေ ရေးတဲ့အချိန်မှာ စာအုပ်တအုပ်လို မရေးပဲ့ တယောက်ယောက်ကို ပြောပြနေသလို ရေးတာ က အကျင့်လို ဖြစ်နေပါပီ. ဒါကြောင့် ဒီပုံစံ အရေးအသားကို မကြိုက်ခဲ့သူ ရှိရင်လည်း နာလည်ပေးစေချင်ပါတယ်။
internal test -> alpha beta -> beta beta -> RC version -> the official versions
Pre-alpha
Software တွေ ရဲ့ အရင်ဆုံး စမ်းသပ် version ပါ.. သူ့မှာတော့ ချို့ယွင်းချက်တွေလည်းများတယ် .အားနည်းချက်တွေများနေပါသေးတယ် .. စမ်းသပ်ချင်တဲ့သူတွေကတော့ စမ်းသပ်ချင် စမ်းသပ်လို့ ရပါတယ်။ဒါပေ့မယ် error များတဲ့ အတွက် မစမ်းတာ အကောင်းဆုံးပါပဲ့. ။
alpha version: (internal beta)
သူက Software တခု ရဲ့ အရင်ဆုံး စတင် စမ်းသပ်နေတဲ့ အချိန် ထွက်ရှိတဲ့ Version ကို ဆိုလိုတာပါ။ အရင်ဆုံး ထုတ်လုပ်တဲ့ Version ဖြစ်သလို သူမှာ BUG တွေ အများကြီးပါဝင်နေသေးတယ်။ ပီးတော့ တကယ်ထွက်လာမယ့် Version လို Feature အပြည့်အစုံ မပါတာထက် No Feature ပါ။ Download လုပ်ပီး စမ်းသပ်လို့လည်း မရဘူး။ ပီးတော့ developers နှင့် testers တွေ စမ်းသပ်နေဆဲကာလထုတ် Version ဖြစ်တဲ့ အပြင် သူကို့  မကောင်းတဲ့ အပိုင်းလေးတွေနဲ့ လိုအပ်ချက်တွေများတဲ့ အတွက် သာမာန် User တယောက်အနေနဲ့ Previwe ကြည့်ရုံထက် မပိုနိင်သေးပါဘူး။ ဒီ Version နဲ့ Beta Version ကြားမှာ pre Edition ဆိုပီး ရှိပါသေးတယ် ။ ဒါပေ့မယ် ဒီအဆင့်ကို ကျော်ခဲ့ပါမယ် ဘာလို့လဲ့ဆိုတော့ Alpha @ Pre က အတူတူပဲမို့ပါ။ Preview အဆင့် ထက် ပိုပီး လုပ်ဆောင်လို့မရသေးပါဘူး။
beta version ;(public beta. β )သူကို အလွယ်မှတ်လို့ ရတာကတော့ Greek ရဲ့ အစဆုံး စာလုံးဖြစ်တဲ့အတွက် အရင်ဆုံး Verionကို Alpha Version ဖြစ်ပီး β က ဒုတိယ ဖြစ်တဲ့အတွက် ဒုတိယ ထွက်ရှိတဲ့ Version လို အလွယ် မှတ်လို့ ရပါတယ်။ဒီ Version ကတော့ Alpha release ထွက်ပီးနောက်ပိုင်း ထွက်လာတဲ့ Version ပါ သူမှာ Alpha တုန်းကလို BUG ကြီးကြီးမားမား မရှိတော့ပါဘူး။ ပီးတော့ Feature အသစ်တွေကို ထပ်ပီး Add လို့ ရလာမယ် .. သူကို ဒေါင်းလုပ်ချပီး သုံးကြည့်လို့ ရလာပီ. နောက်ထပ် ဒီ Software နဲ့ ပတ်သတ်ပီး new feature တွေကို Add လုပ်လို့ ရလာတဲ့ အဆင့်ကို Beta Version လို ခေါ်ပါတယ်။ Alpha နဲ့တော့ ကွာသွားတာက ဒီနေရာလေးပါပဲ့။ ဒါပေမယ် Stable မဖြစ်သေးဘူးဆိုတာကိုတော့ သတိထားရပါလိမ့်ဦးမယ်။
RC Version (Full) Release Candidate (candidate),
candidate Version လိုလည်းခေါ်ပါတယ်။ သူမှာတော့ Beta နဲ့ ကြီးကြီးမားမား ကွာခြားသွားတာတွေကတော့ Beta တုန်းကဆိုရင် feature အသစ်ထွက်တိုင်း ထပ်ပီး Add လို့ ရပေ့မယ် ဒီ version မှာတော့ no new feature added ပါ။ မလိုအပ်တာတွေ ကို ပြင်ဆင်ပီးတဲ့အပြင် BUG တွေ မပါဝင်တော့ပါဘူး။ သူ့ကို Beta version ထွက်ပီး မကြာခင်မှာပဲ့ ထွက်ပါတယ်။ RC Version ထွက်ပီဆိုပေမယ် Final Release ထွက်လာတာ မဟုတ်သေးပါဘူး။ သူ့ကို Final ထွက်လာမယ့် Version လိုပဲ့ Preview လုပ်လို့ ရတယ်။ test လုပ်လို့ ရမယ်။ သာမာန် user တယောက်အနေနဲ့ သုံးကြည့်ချင်ပီ ဆိုရင် ဒီ Version က အကောင်းဆုံး Version ပါပဲ့ အပေါ်ကလို Beta အဆင့်မှာ မစမ်းသပ်တာ ကတော့ အကောင်းဆုံးပါပဲ့ ဘာလို့လည်းဆိုတော့ BUG တွေ များမယ် Error များမယ့် အဆင့်မို့ပါ။ ဒီအဆင့်ရောက်လာပီဆိုရင် Final Official version နဲ့ အတူတူလောက် ဖြစ်သွားပါပီ။
stable version
ဒီနေရာလေးမှာ တခုတော့ ပြောပါရစေ ဒီ Version ဟာ Stable Version ဆိုပေ့မယ် သူဟာ normal version မဟုတ်ဘူးဆိုတာကို ထပ်ပီး သတိထားရပါလိမ့်ဦးမယ်။ Stable version ဆိုရင် တချို့က နောက်ဆုံး version လို ထင်နေကြတယ်။ normal တောင် မဟုတ်သေးပါဘူးဆိုတာလေးတော့ သတိထားစေချင်ပါတယ်။ Normal version ဆိုတာ ဘာကိုဆိုလိုတာလည်းဆိုတာကို နဲ့နဲ့ ထပ်ရှင်းပြပါရစေ.. Software တခု ရောင်းချဖို့တွက် အသင့်ဖြစ်နိင်ပီ ဖြစ်တဲ့  Version ကို ဆိုလိုတာပါ။ ဒါကြောင့် Stable Version ဟာ ရောင်းချဖို့တွက် သေချာ အကုန်လုံး ဆင်းချော ပြင်ဆင်ပီး Version မဟုတ်သေးပါဘူးဆိုတာ သိရပါ့မယ်။ ဒီအဆင့်မှာပဲ့ ဘယ် Software မဆို ၀ယ်မသုံးတော့ပဲ့ ဒီတိုင်းသုံးနေခွင့်ကို ပေးပါတယ်။ ဒါကတော့ Stable version ရဲ့ အဓိက အားသာချက်ပေါ့။
RTM version(Release to Manufacturing)
ဒီ Version ကတော့ ရုံးသုံး တွက် အဓိက ထုတ်လုပ်ရောင်းချတဲ့ Version ပါ။ သူ့မှာ ပီးပြည့်စုံတဲ့ Function နဲ့ လုပ်ငန်းခွင်တွက်လိုအပ်တာ အကုန်ပါလာပါပီ။ Package အသစ်တွေထွက်လာတိုင်းလည်း ရရှိနိင်အောင် စီစဉ်ပေးထားသလို တော်တော် များများ အဆင်ပြေအောင် ထုတ်လုပ်တဲ့ Version ပါ ။ သူ့ကို factory version လို့ ခေါ်ပါတယ်။RTM Version လို ဘာကြောင့် ခေါ်ဆိုတာလည်းဆိုတာကို အောက်က စာလေးကို ဖတ်ကြည့်ရင် သိနိင်ပါသေးတယ်။
official in the retail software store shelves, you need some time to tableting, packaging, distribution, so the code must be some time before the official release will be completed, the completion of the program code is called final.code, code development is complete, to the mother a large number of pressed sheet sent to the factory, this version is called the RTM version.
OEM Version (Original Equipment Manufacturer)
သူကတော့ အခြား Version တွေနဲ့ မတူပါဘူး။ Customer ကိုယ်တိုင် Modified လုပ်လို့ ရမယ် လိုအပ်သလို ပြင်ဆင်ခွင့် ၇နိင်လာဖို့တွက် recomented ကို အပြည့်အ၀ သုံးခွင့်ရလာပါပီ။ ဒါပေ့မယ် Window ဆိုတာ Close Source ဆိုတာကိုတော့ မမေ့ထားဖို့လိုပါလိမ့်မယ်။ ၀ယ်ယူသူ စိတ်ကြိုက်ဖြစ်အောင် ပြင်ဆင်ထားတဲ့ Version လို့ ခေါ်ပါတယ်။သူကတော့ ရိုးရိုး Version တွေကနေပီးတော့ တန်းပီး Upgrade လုပ်လို့ မရပါဘူး။ ဒီ Version ရဲ့ အားသာချက်ကတော့ Driver တွေကို Disk image လုပ်ထားတဲ့နေရာကပဲ့ ဖြစ်ဖြစ် Recovery disk ကနေပဲ့ ဖြစ်ဖြစ် Driver တွေကို ပြန်သွင်းယူလို့ရပါတယ်။ နောက်တခုက OEM Version မှာ Driver တွေ ကို အထူး သီးသန့် ရှာယူစရာ မလိုတာပါပဲ့။ သူမှာ့ Retail version ရဲ့ Beautiful packaged ပါဝင်ပါတယ်။
MSDN (Microsoft Developer Network) version
သူကိုတော့ MS က Developer Network Version လိုဆိုပီး ထုတ်ပါတယ်။ သူကို “original” “unmodified version of” လိုလည်းဆိုလိုပါတယ် ။ဒီ Version မှာတော့ နောက်ဆုံး Update software တွေကို ဒေါင်းလုပ်ချ သုံးခွင့်ပြုထားပါတယ်။ ဒါပေ့မယ် MSDN User မဟုတ်တဲ့သူတွေကတော့ ဒီအခွင့်အရေးကို မရရှိနိင်ပါဘူး။ End User တွေတွက် ထုတ်လုပ်ထားတဲ့ Version တမျိုးပါ။ နောက်ထပ် VOL (Volume Licensing for Organizations) Edition နဲ့ (VI) FPP(Full Packaged Product) Retail ဆိုတာတွေ ရှိပါသေးတယ်ဒီ Version တွေကို ဆက်မရှင်းပြတော့ပါဘူး။ အသုံးလည်းနည်းသလို အထိအတွေ့နည်းပါတယ်။ ဒီထက်ပိုရှင်းပြရင်ပိုရူပ်ကုန်မှာလည်း ဆိုးလို့ပါ :1:
ဒီနေ့တော့ ဒီနေရာလေးမှာ အဆုံးသတ်ပီးနောက်နေ့မှာ ကျွန်တော် ထွက်သမျှ Window 7 တွေဖြစ်တဲ့ Starter တို့ Home premium တို့ Ultimate တို့ အကြောင်းကို ဆက်လက် ပီးရှင်းပြပေးပါ့မယ်။
အပိုင်း..(ခ) Window Editions များအကြောင်း
ဒီနေ့ ကျွန်တော် ဆက်ရေးမယ့် အကြောင်းလေးကတော့ Window 7 မှာ ထွက်ရှိခဲ့သမျှ version တွေက ဘယ်လို အလုပ်လုပ်ကြတယ် ဘယ် version က ဘာတွက်ရည်ရွယ်ထုတ်လုတ်ထားတယ်ဆိုတာကို ဖော်ပြပေးချင်တာလေး တခုတည်းပါ။အကုန်လုံး သိစေချင်တဲ့ စိတ်တခုနဲပဲ့ မျှဝေတာပါ။ ကျွန်တော် စာရေးတာတွေ ရပ်နေတယ်လို့လည်း တချို့က ထင်ကြလိမ့်မယ်။ မဟုတ်ပါဘူး ကျွန်တော် ဒီစာအုပ်တွက် အချိန်ယူပီးပြင်ဆင်နေတာတွေကြောင့် ပိုစ့်တွေ မတင်ပဲ့ ရပ်ထားခဲ့တာပါ။ ဒီပိုစ့်ကို စာအုပ်တအုပ်ထုတ်နိင်တဲ့ထိ ကျွန်တော် အကောင်းဆုံးပြင်ဆင်ရေးသားကြည့်ချင်တာလည်း ပါတာကြောင့် အချိန်တွေ ပိုကြာနေတာပါ။ ဒါကတော့ အင်ထရိုပေါ့။ ဇတ်လမ်းစကြရအောင်... window 6 မှာ version ၇ မျိုးနဲ့ ထုတ်ပါတယ်။ ကျွန်တော်တို့ အများစု သုံးနေကြတာတော့ သိတဲ့တိုင်းပဲ့ professional .Ultimate . Home premium တွေကိုပဲ့ အသုံးများကြပါတယ်။ ဒီ 6 မျိုးလုံးကို ကျွန်တော် အတက်နိင်ဆုံးရှင်းပြချင်တာ အပြင် နောက်ထပ် လူသိနည်းတဲ့ version တွေပါ ထည့်ပြောသွားချင်ပါသေးတယ်။
Windows 7 College Student Discount
ဒီ Version ကို အထိအတွေ့ တော်တော်လေး နည်းကျတယ်။ တချို့ဆို ဒီVersion ကိုမတွေ့ဘူးပဲ့ ရှိကြပါလိမ့်မယ် အွန်လိုင်းတွေပေါ်မှာလည်း ဒီ Version မရှိသလောက်ရှားပါတယ် ။ဒီ Version က College ကျောင်းသားတွေတွက် ရည်ရွယ်ထားလုပ်ထားတာ ဖြစ်ပီး Home Premium နဲ့ အတူတူပါပဲ့ ကွာခြားသွားတာလေး တခုကတော့ ဒီ Version က Web apps တွေတွက် အထူးရည်ရွယ်ထုတ်လုပ်ထားတာပါပဲ့။ နိင်ငံရပ်ခြားမှာနေတဲ့သူတွေင်္ဆိုသိပါလိမ့်မယ် ဒီ Version ကို College ကျောင်းသားတွေတွက်တော့ ဒေါ်လာ ၃၀ နဲ့ ရောင်းချပေးပေ့မယ် MS က College ကျောင်းသား စာရင်းကို ကောက်ခံယူပါတယ် ဒီထဲ့က စာရင်းပေးသွင်းထားသူဆိုရင် ဒေါ်လာ ၃၀ နဲ့ ရယူနိင်မှာ ဖြစ်ပီး မပေးသွင်းသူဆိုရင်တော့ သူ့ကို ဒေါ်လာ ၁၁၉ နဲ့ ၀ယ်ယူရမှာ ဖြစ်ပါတယ်။
Windows 7 E (European Version)
ဒီကောင်လေးကိုတော့ Euro က လူတွေ သုံးဖို့တွက် သပ်သပ် ထုတ်လုတ်ထားတဲ့ Version ပါ ။ သူ့မှာ IE မပါပါဘူး သူ့ကို သုံးဖို့တွက် Multiple browser နဲ့ firefox လိုမျိုးကိုပဲ့ သုံးခွင့် ရပါတယ်။ ဒါကြောင့် ဒီ Version ကို MS က နောက်ဆုံး Update အနေနဲ့ 8.08.2009 ခု နှစ်က စပီး ၀ယ်ယူမူလည်း အနည်းဆုံးလို့ သတ်မှတ်တာကြောင့် ဆက်ထုတ်တာမျိုးမရှိတော့ပဲ့ ရပ်နေခဲ့တဲ့ Version တမျိုးပါပဲ့။ IE ကို သုံးချင်တယ်ဆိုရင်တော့ ဒေါင်းလုတ်ချပီး ရမ်းပီးသုံးနိင်ပါတယ် မူရင်းမှာ မပါတာမျိုးကို ဆိုလိုတာပါ။ နောက်ပိုင်း Croatia and Switzerland လိုနိင်ငံတွေကိုပဲ့ ဒီ Version အသုံးများတာကြောင့် ဒီ Version ကို Croatia and Switzerland နိင်ငံတွေကိုပဲ့ တင်သွင်း ရောင်းချပါတယ်။ အခုတော့ N Version ဆိုပီး တွေ့နေကြတဲ့ Version နဲ့ ဒီ Window 7 E နဲ့ကို MS က ယှဉ်ပီး EU ကို တင်သွင်းရောင်းချဖို့ စဉ်းစားလာပါသေးတယ်။ ဒီ Version မှာတော့ IE မပါါတာက လွဲရင် ကျန်တာတွေက Enterprise version နဲ့ မကွာပါဘူး။
Window editions 6 မျိုးအကြောင်း..
ဒီအောက်က window 7 သုံးသပ်နိုင်းယှဉ်ချက်များကို ကိုကျော်ဇင်သန့်ရေးပေးထားတာပါ။ ဒါပေ့မယ် ဘယ်လင့်မှာမှန်းမသိလို့ ကျွန်တော့ရဲ့ Ms doc ကနေ ပြန်ကူးယူဖော်ပြပေးထားတာပါ။ နားလည်ပေး စေချင်ပါတယ်။ ကျွန်တော် တနေရာတည်းမှာ အကုန်သိအောင်လို့ စုစည်းပေးချင်တာကြောင့် လည်း ပြန်ရှာပီးထည့်ပေးလိုက်တာပါ။
Windows 7 သုံးသပ်နှိုင်းယှဉ်ချက်များ
Windows 7 Starter - Windows 7 Starter ဆိုတာ Windows 7 တွေထဲမှာမှ features အနည်းဆုံး Edition တစ်ခု ဖြစ်ပြီး အဲ့ version မှာ Windows Aero မပါဝင်ပါဘူး။ နောက် အဲ့ Edition ဟာ 64-bit မှာ အသုံးပြုလို့ မရပါဘူး။ Desktop wallpaper နဲ့ Visual Style (Windows 7 Basic) ကလည်း Change လို့ မရပါဘူး။ ဒီ Edition ရဲ့ ရည်ရွယ်ချက်က အထူးသဖြင့် netbooks တွေနဲ့ တစ်ခြား computer manufacturers တွေအတွက် ကွန်ပြူတာတွေမှာ အစဉ်သင့် ထည့်သွင်းပေးနိုင်အောင် ဖန်တီးထားတဲ့ ခပ်ပေါ့ပေါ့ version တစ်ခုလို့ ပြောလို့ရပါတယ်။
Windows 7 Home Basic - Windows 7 Home Basic ဆိုတာ Brazil, People's Republic of China, Colombia, India, Pakistan, Philippines, Mexico, နဲ့ Thailand စတဲ့ နိုင်ငံတွေမှာ ဈေးကွက်တိုးချဲ့ဖို့အတွက် အဓိက ရည်မှန်းချက်ထားပြီး ထုတ်လုပ်ခဲ့တဲ့ Version ဖြစ်ပြီး သူ့ကို အနောက်နိုင်ငံတွေနဲ့ ဥရောပအလယ်ပိုင်းနိုင်ငံတွေ ၊ မြောက်အမေရိက ၊ သြစတြေးလျနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေမှာတွေမှာတော့ ဒီ Version ကို မတင်သွင်းပါဘူး။ Russia နိုင်ငံကိုလည်း ဒီ version တင်သွင်းတယ်လို့ သိရပါတယ်။ ဒီ version မှာတော့ တစ်ခြား New features တွေနဲ့ အတူ Aero options လည်း ပါဝင်ပါတယ်။
Windows 7 Home Premium - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ အိမ်သုံးဖျော်ဖြေရေး ကွန်ပြူတာဈေးကွက်အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး သူ့မှာ လူသိများတဲ့ Windows Media Center, Windows Aero နဲ့ touch-screen controls .. စတာတွေပါဝင်ပါတယ်။
Windows 7 Professional - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Small business users တွေ ၊ နှိုက်နှိုက်ချွတ်ချွတ် အသုံးချချင်သူတွေ အတွက် ဖြစ်ပြီး သူ့မှာ Windows 7 Home Premium ရဲ့ features တွေ အားလုံးပါဝင်သလို Windows Server domain အဖြစ်လည်း သူက ထမ်းဆောင်နိုင်ပါတယ်။ နောက်ထပ် features တွေအနေနဲ့ကတော့ Remote Desktop server, location aware printing, Encrypting File System, Presentation Mode, Software Restriction Policies, Windows XP Mode ... စတာတွေ ထည့်သွင်းပါဝင်လာပါတယ်။
Windows 7 Enterprise - ဒီ Edition ရဲ့ ရည်ရွယ်ချက်ကတော့ Microsoft ကထုတ်လုပ်တဲ့ Windows ၊ Microsoft ကထုတ်လုပ်တဲ့ Office applications စတာတွေကို အသုံးပြုပါမယ်ဆိုပြီး စာချုပ်ချုပ်ဆို လုပ်ကိုင်နေတဲ့ Companies တွေ ၊ business users တွေအတွက် ဦးတည်ချက်ထားပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူ့မှာပေါင်းစပ် ပါဝင်တဲ့ Features တွေကတော့ MUI လို့ လူသိများကြတဲ့ Multilingual User Interface (MUI) packages ၊ BitLocker Drive Encryption နဲ့ UNIX application support .. စတာတွေပဲ ဖြစ်ပါတယ်။
Windows 7 Ultimate - Windows 7 Ultimate မှာတော့ Windows 7 Enterprise မှာပါတဲ့ Features တွေအတိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် Windows 7 Ultimate ဟာ Enterprise edition နဲ့တော့ မတူညီပါဘူး။ Windows 7 Home Premium နဲ့ Windows 7 Professional users တွေဟာ တကယ်လို့ Windows 7 Ultimate ကို Upgrade လုပ်ချင်တယ်ဆိုရင် Windows Anytime Upgrade နဲ့ အချိန်မရွေး Upgrade လုပ်လို့ ရပါတယ်။
Windows 7 N version ဆိုတာဘာလဲ ??
Windows 7 N version ဆိုတာ အဲ့ Windows မှာ Windows Media Player မပါဝင်ပဲ Europe မှာ အဓိကထားရောင်းချနေတဲ့ Version တစ်ခုပါ။ N Editions Windows တွေအကုန်လုံးဟာ Premium, Professional, Ultimate စတဲ့ Windows 7 တစ်ခြား Versions တွေအားလုံးအတွက် upgrades လုပ်လို့ ရပါတယ်။ Windows 7 N Editions ဟာ အပေါ်မှာ ဖော်ပြခဲ့တဲ့ Versions တွေနဲ့ ဈေးလည်း တူသလို features တွေအားလုံးလည်း အတူတူပါပဲ။ Windows Media Player တစ်ခုပဲ မပါဝင်တာပါ။ တကယ်လို့ Windows Media Player ကို ပြန်လည်ထည့်သွင်းချင်တယ် ဆိုရင်လည်း Microsoft Download Website မှာ အချိန်မရွေး အလကား ရယူနိုင်ပါတယ်။
ဒီနေရာမှာ ကျွန်တော် ထပ်ဖြည့်အနေနဲ့ window E version အကြောင်းလေးကိုပါ ထပ်ဖြည့်ပြောသွားပါရစေ. ကိုကေဇတ် ရေးတုန်းက E version အကြောင်းမထည့်ထားလို့ ဖြည့်ပေးတဲ့ သဘောပါပဲ့။
Window 7 E version
ဒီ Version မှာတော့ N Version နဲ့ အတူတူပါပဲ့ ဒါပေ့မယ် မတူတဲ့နေရာက တော့ IE မပါဝင်တာပါပဲ့ ရောင်းချတဲ့နေရာ နဲ့ Feature တွေ အားလုံးဟာ N version နဲ့ အတူတူပါပဲ။ IE ကို ရမ်းပီး သုံးချင်တယ် ဆိုရင်လည်း N version လိုပါပဲ့ ထပ်ဖြည့်ရမ်းသုံးလို့ ရပါတယ်။
နောက်ထပ် Upgrade လုပ်လို့ ရတဲ့ အပိုင်းလေးတွေကိုပြောပြပါဦးမယ်။ ကျွန်တော်တို့ အနိမ့်ကနေ အမြင့်ကို ပြောင်းလို့ ရတဲ့ Version တွေ အကြောင်းကိုတော့ သိထားရပါလိမ့်မယ်။ တချို့ version တွေက Upgrade လုပ်လို့ မရပါဘူး။ ဒါကြောင့် ဘာတွေကနေ Upgrade လုပ်လို့ ရတယ်ဆိုတာကို အောက်မှာ တွဲဆက်ဖော်ပြထားသလို Features တွေ အကြောင်းကိုပါ ကျွန်တော် ပုံတွေနဲ့ ဖြည့်စွက်ဖော်ပြပေးထားပါတယ်။ နားလည်အောင် သေချာ ဖတ်ကြည့်ဖို့ပဲ့ တိုက်တွန်းလိုပါတယ် ။
Anytime Upgrade editions
- Starter to Home Premium.
- Starter to Professional1.
- Starter to Ultimate1.
- Home Premium to Professional.
- Home Premium to Ultimate.
- Professional to Ultimate
Version အလိုက် Features များအကြောင်း 





ဒီလောက်ဆိုရင် Version တွေံအကြောင်းကို ကောင်းကောင်းနားလည်နိင်ပီလို ထင်ပါါတယ်
ဒါဆိုရင် ကျွန်တော် Window 7 download ချဖို့ နေရာတွေနဲ့ Upload တင်ထားတဲ့ ဆိုဒ်တွေကလင့်တွေနဲ့ ပြန်ညွှန်းပါမယ်။ ဒီနေရာမှာ winrar ဘယ်လိုပိုင်း ဘယ်လိုပြန်ဆက်လည်းဆိုတာ ရေးထားပါတယ်။ http://www.nayminmaung.info/2011/12/win-rar.html ရလာတဲ့ ဖိုင်တွေက rar ဖိုင်တွေပါ ။ ဒါကြောင့် rar အကြောင်းကို အရင်သွားဖတ်ပေးပါ။ ပြီးရင် rar ဖြည်တက်ပါလိမ့်မယ်။ ဖြည်လိုက်ရင် ISO ဖိုင် ရလာပါလိမ့်မယ် ။ ISO ကို ခွေရိုက်ဖို့ကိုတော့ ဒီနေရာမှာ ကျွန်တော် ခွေရိုက်တာတွေအတွက် ISO ဆိုတာ ဘာလဲ၊ ဘယ်လို Burn မလဲ၊ ဘယ်လို Mount မလဲ၊?? ဆိုပြီးရေးထားပါတယ်။
Window 7 Ultimate 32 bit
http://www.mediafire.com/?z77rbuf4r8mbl
Window 7 Ultimate 64 bit
http://www.mediafire.com/?1smwxredl5lro
ဒါကတော့ Window 7 10 Mb ပဲ့ ရှိတဲ့ လင့်ပါ။
http://www.interupload.com/files/1GCMNSVV/Windows_7_Highly_Compressed_Only_10MB.rar_links
Window 7 48 in 1
http://ifile.it/_vo3179i
Window 7 SP1 Activated AIO
http://www.mediafire.com/?lhqe8wx799pzk
တခြားပိုစ့်များ
http://www.nayminmaung.info/search/label/Windows%20%E1%80%B1%E1%80%81%E1%80%BC%E1%80%99%E1%80%BA%E1%80%AC%E1%80%B8
Window XP Sp3 collections
http://ifile.it/_0cdtexj
Xp ကတော့ လူသုံးနည်းပါတယ် ဒါပေ့မယ့် စုမိအောင် တင်ပေးထားတာပါ။ နောက်တခုက window error တွေ တက်ပြီး backup လှမ်းယူဖို့ ဘာညာလုပ်ဖို့ကိုတော့ Window Ultimate boot CD နဲ့ windoiw live CD ကိုပါ တခါတည်း ထည့်ပေးလိုက်ပါတယ်။ Operating Systems ထဲ့တော့ မပါဘူးပေါ့ဗျာ။
windoiw live CD
Window Ultimate boot CD
window တင်ပြီး activate လုပ်ဖို့တွက်တော့ ဒီလင့် http://www.mediafire.com/?r3636l3gdbg3p မှာ သွားပြီး Loader ကို ဒေါင်းလုပ်ချပါ။ နောက်တခုက မြန်မာလူမျိုးတွေဆိုတော့ zawgyi ဒါမှမဟုတ် Unicode ကို အသုံးပြုချင်သူတွေတွက် အောက်က လင့်မှာ Fonts and Keyboard ကို ဒေါင်းလုပ်သွားချပေးပါ။
နောက်ထပ် လူကြိုက်များတဲ့ Open source ဖြစ်တဲ့ Ubuntu ကိုတော့ ကျွန်တော် ဆက်လက်ဖော်ပြပေးပါဦးမယ်။ ဒါကတော့ Live CD တွေကို ဆိုဒ်မှာ free ပေးထားပါတယ်။ အဲ့မှာ သွားဒေါင်းလို့ရပေ့မယ် offline မှာ သုံးမယ့် ညီအကိုတွေတွက်ကျတော့ CD နဲ့ဆိုရင် ခု လက်ရှိထိ Update Package တွေ မပါဘူးဗျ။ ဒါကြောင့် server မှာ တင်ထားတဲ့ Ubuntu DVD ခွေလင့်တွေကို ရှာပေးလိုက်ပါတယ်။ ကြိုက်တဲ့နေရာက ဒေါင်းပါ။ အောက်က လင့်တွေမှာ အဆင်ပြေဆုံးဆိုဒ်က ဒေါင်းနိုင်ပါတယ်။
အကုန်လုံး FTP လင့်တွေပါ။ လင့်သေတာမျိုးမရှိပါဘူး။ release က ခုနောက်ဆုံး 11.10 ပါ ။ ၄ လပိုင်းမှာ 12.04 ထွက်ပါလိမ့်မယ်။ အဲ့မှာ index လမ်းကြောင်းတွေအတိုင်း နောက်ဆုံး version တွေကို ဒေါင်းနိုင်ပါတယ်။
မကြာခင်မှာ ကျွန်တော် ပြည်တော်ပြန်ရောက်ပါမယ်။ ရန်ကုန်မှာ တွေ့ဆုံပွဲလုပ်ဖြစ်ပါမယ်။ အဲ့ကျရင် ကျွန်တော် လေ့လာခဲ့တဲ့ C++ ပိုင်းတွေနဲ့ C # အပိုင်းတွေ ပါပါမယ်။ Software ပိုင်းတွေ ပါပါမယ်။ Ebooks တွေ ပါပါမယ်။ Tutorial video ပိုင်းတွေ ပါပါမယ်။ တွေ့ဆုံပွဲလုပ်မယ့်နေ့မှာ မြန်မာ မိသားစု ဖိုရမ်က အဖွဲ့တွေလည်း ပါပါမယ်။ အရင်စာရေးခဲ့သမျှ ဖိုရမ်က အဖွဲ့တွေလည်း လာပါမယ်။ English စာပိုင်းကို အတွင်းကျကျ လေ့လာလိုက်စားသူများဖို့ ကိုကျော်သူအောင် (မြန်မာ မိသားစုမှာ နေမင်းမောင် နာမည်နဲ့ပါ) ပါ ပါပါမယ်။ တွေ့ဆုံပွဲကို လာခဲ့ကြဖို့ ပညာပိုင်းတွေကို ဆွေးနွေးပေးဖို့ လာရောက်လှည့်ပါလို့ ကြိုတင်အသိပေး အကြောင်းကြားရင်း ကျွန်တော့ပိုစ်လေးကို နိဂုဏ်းချုပ်ပါတယ်။
အားလုံး အဆင်ပြေပါစေ..
သန့်ဇင်ဌေး
0 comments:
Post a Comment