Home » » Window Media Player with SWF files

Window Media Player with SWF files

ကျွန်တော် စာသိပ်မရေးဖြစ်ဘူး ခုတလောလည်း. ဘာရယ်တော့ မဟုတ်ပါဘူး ကျောင်းက တဖတ် Language တခုကို သင်နေတာ တဘက်နဲ့ ပီးတော့ လက်လွှတ်လို့ မရတဲ့နည်းပညာ အပိုင်းတွေကိုလည်း စာဖတ်ရင်း တယောက်တည်း အလုပ်တွေ ရူပ်နေတာ တော်တော် ကြာသွားပီ။ တကယ်ဆို ကျွန်တော် တနေ့ ကို ပိုစ်တခု မဟုတ်တောင် တပတ်ကိုပိုစ် ၃ ခုလောက် တင်ပေးချင်တာပါ။ လူနဲ့ စိတ်နဲ့ လည်း သိပ်မကပ်နိင်သေးသလို့ စိတ်သွားတိုင် လူမပါဘူး ဖြစ်နေသေးလို့ပါ။ ဒီနေ့ ကျွန်တော် ဆွေးနွေးပေးမယ့် အကြောင်းအရာက ကျွန်တော်တို့ Window မှာ ပါလာပီး သား Window media နဲ့ Movies ဖိုင်တိုက် အားလုံးကို ဖွင့်လို့ ရတာရယ် နောက်ထပ် ကျွန်တ်ေတို့ လုပ်ဆောင်နိင် တဲ့ အကြောင်းအရာ တချို့ကို ဆွေးနွေးပေးချင်တာပါ။ အကို အစ်မ များအနေနဲ့ တခါတည်း လိုက်ပါ လုပ်ဆောင်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်လည်း အဆင်ပြေအောင် နားလည်လွယ်အောင် တက်နိင်ဆုံး အတိုဆုံးဖြစ်အောင် ရေးပေးပါ့မယ် စာတွေ ရှည်သွားရင်အီသွားမှာ စိုးလို့ပါ ။
ကဲ့ စမယ် …
တိုတို တုတ်တုတ်ပဲ့ စမယ် နော်… အရင်ဆုံး ကျွန်တော်တို့ Window Media player နဲ့ ဖွင့်လို့ ရတဲ့ ဖိုင်တိုက်တွေက အောက်က ဖိုင်တိုက်တွေပါ။
•    Windows Media files- .wm, .wmv, and .asf;
•    AVCHD files (including Dolby Digital audio) - .m2ts and .m2t;
•    Apple QuickTime files - .mov and .qt;
•    AVI files - .avi;
•    Windows Recorded TV Show files - .wtv and .dvr-ms;
•    MPEG-4 movie files - .mp4, .mov, and .m4v;
•    MPEG-2 movie files -.mpeg, .mpg, .mpe, .m1v, .mp2, .mpv2, .mod, and .vob;
•    MPEG-1 movie files- .m1v;
•    Motion JPEG files- .avi and .mov.

SWF ဖိုင်တွေနဲ့ နောက်ဖိုင် တိုက်မြောက်များစွာ ဖွင့်လို့ မရတာတွေ ရှိပါတယ် အဲ့တာတွေကို ပြေလည်စေ မယ့် နည်းလမ်းတွေ တော့ အများကြီးပါ ကျွန်တော် လည်း သိသလောက်ပဲ့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။။ ဖွင့်လို့ မရတဲ့ ဖိုင်တိုက်တွေ ဆိုရင် အောက်က ပုံလေး လို ပြနေတက်တာကို အကို အစ်မ တို့ သတိထားမိမယ် ထင်ပါတယ်။
*
*
အဲ့တာတွေကိုပြေလည်စေဖို့ နည်းလမ်းလေးကိုတော့ ကျွန်တော် တွေ့ခဲ့ပါပီ နောက်ထပ် ဘာPlayer မှ ရမ်းစရာမလိုပဲ့နဲ့ File type အကုန်လုံးကို ဖွင့်လို့ ရမယ့် နည်းလမ်းလေးပါ ….
ဒါက ရိုးရှင်းပါတယ် မခက်ခဲ့တဲ့ အလွယ် နည်းလေး တခု အရင်ဆုံး အောက်က K-Lite Codec Pack လေးကို ဒေါင်းလုပ်ချပီး သိမ်းလိုက်ပါ။
   
Code:
   
နောက်ထပ် ရမ်းရမယ့် အဆင့်တွေ ကိုသေချာ လိုက်လုပ်ကြည့်ပေးပါ နောက်ဆုံး ရလဒ်က အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒေါင်းလို့ ရလာတဲ့ ဖိုင်လေးကို စရမ်းပါ့မယ် အရင်ဆုံး အဆင့် ၇ ဆင့်နဲ့ သွားပါမယ်။ ကျွန်တော် အဆင့်တွေ အများကြီးခွဲလိုက်တာ မြင်သာအောင်လို့ပါ။
အဆင့် ၁ ….
ဒေါင်း လို့ ချတဲ့ဖိုင်ကို Double Click နိပ်ပီးတော့ စရမ်းလိုက်ပါ။ ပုံကို ကြည့်လိုက်ပါ။
*
အဆင့် ၂.. နောက်တဆင့် သွားမယ့် နေရာကို သေချာကြည့်ပေးပါ။
*
အဆင့် ၃..
ကျွန်တော်တို့ အဆင့်လိုက်ကိုတော့ သေချာကြည့်ဖို့တော့ သေချာလေး မှာချင်ပါတယ် ခင်ဗျာ…
*

အဆင့် ၄..
ဒီအဆင့်မှာတော့ ကျွန်တော်တို့ Playback Essentials (without Player) ကိုရွေးပေးရပါမယ် အောက်က ပုံလေးကိုကြည့်လိုက်ပါ။
*

အဆင့် ၅…
Next ကို သွားပါ။
*

အဆင့် ၆…
Window Media Player အရှေ့မှာ အမှန်ချစ်လေး ထည့် ပေးလိုက်ပါ။
*

အဆင့် ၇ .. ကတော့
ကျွန်တော်တို့ ဖိုင်တိုက် အားလုံးကို သေချာရွေးပေးလိုက်ပါ။ Select All Video နဲ့ Select All Audio ကိုရွေးပီးတော့ Next ကို သွားလိုက်ပါ။
*
နောက်ဆုံး Finish ပေးလိုက်ပါ . ပီးရင်တော့ ကျွန်တော်တို့ Flash song တွေ ကို ဖွင့်ကြည့်လိုက်ပါဦး ဗျ. ရပီလားလို့ .. ဟဲဟဲ ဒါဆို အဆင်ပြေပီလားဆိုတာကိုတော့ အကို အစ်မတို့ တွေ့ ရပီထင်ပါတယ် နောက်ထပ် လည်း ကျွန်တော် လုပ်ဆောင်လို့ ရတာတွေ နဲ့ နောက်ထပ် နည်းလမ်း အချို့တွေ ကို တင်ပြပေးသွားပါဦးမယ် ။ ကျွန်တော် ဒီအကြောင်းအရာတွေကို သိခဲ့တဲ့ ဆိုဒ်ကတော့ အောက်က ဆိုဒ်လေးပါပဲ့ သွားရောက်လေ့လာနိင်အောင် ဆိုဒ်ပါ တခါတည်း ညွှန်းပေးခဲ့ပါတယ်။

   
Code:
   
ဒါနောက်ဆုံး ကျွန်တော် လုပ်ကြည့်ပီး နောက်ဆုံး အဖြေကို ဒီ Flash Song လေး နဲ့ ပြန်ဖွင့်ကြည့်လိုက်တဲ့ အခါ အဆင်ပြေတယ် ဆိုတာလေးကို ပုံနဲ့ ပြလိုက်ပါတယ် မြန်မာမလေး Flash song လေးကို ကျွန်တော် ဖွင့်ကြည့်ထားတဲ့ ပုံလေးကို ကြည့်ပေးပါ။
*


အာလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်        

0 comments:

Post a Comment

 
Copyright © 2011. IT dreams for Myanmar Youth - သန့်ဇင်ဌေး
Template Modify by TzH
Proudly powered by Blogger