ကျွန်တော်တို့ တွေ စက်တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Laptop တလုံးဝယ်လာတာပဲ့ ဖြစ်ဖြစ် Driver ရှာရတဲ့ ဒုက္ခကို ခံစားဘူးကြမှာပါ။ တချို့က ကိုယ့်စက်မှာ ဘာ Driver version တွေ Series တွေ ဆိုတာကို မသိတော့ ရှာရခက်နေဘူးကြမှာပါ။ 2009 လောက်တုန်းက ဆိုရင် ဒီပြသနာက တော်တော်လေးကို ဂရက်ရိုက်ခဲ့သေးတယ်။ ဘာလို့လည်းဆိုတော့ နောက်ပေါ် Series တွေ က အသစ်တွေ ထွက် အရင်က ထွက်ခဲ့တဲ့ Series တွေ တွက် Driver တွေက Update မလုပ်ပေးနိုင်ကြ နောက် Driver ခွေ ပျောက်တဲ့ လူက ပျောက်နဲ့ အမျိုးမျိုး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာခဲ့ကြတယ်။ တချို့ က ပြေလည်သွားကြသလို တချို့ က အခုထိ မပြေလည်ပဲ့မှေးသုံးနေရတဲ့ သူတွေ ရှိသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ 2009 လောက်ကတည်းက ဖြစ်နေတဲ့  ပြသနာကို ဒီနေ့တော့ ကျွန်တော် ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးပေါ်လာခဲ့ပါပြီ။ ဒီနည်းလမ်းတွေထဲကနေ မြန်မာတွေ အတွက် အဆင်ပြေမယ့် နည်းလမ်းကို ကျွန်တော် တို့ ရွေးရှာကြည့်တော့ အောက်က နည်းလမ်းလေးတွေကို သွားတွေ့မိတယ်။ ကဲ့ စာဖတ် ညီအကိုမောင်နှမတွေဆက်ဖတ်ပေးပါဦး။
ကျွန်တော် အခု အင်တာနက် မရှိတဲ့ သူတွေ Offline User တွေ နဲ့ အင်တာနက် ကနေ အလွယ်တကူ ရှာနိုင်တဲ့ နည်းလမ်း နှစ်မျိုးကိုပဲ့  ရေးပါမယ်။
အင်တာနက် ရတဲ့ ညီအကိုမောင်နှမတွေကလည်း ဘာမှ မလိုဘူး နက်လေး ရှိနေတာပဲ့ ဒီလောက်တော့ ကိုယ့်ဘာသာ ရှာမှာပေါ့ လို့ ပြောမဲ့ညီအကိုတွေ မောင်နှမတွေ စာကို ဆုံးအောင် ဖတ်ကြည့်ပါ။ အလွယ်တကူ ရှာနိုင်တာ အပြင် ကိုယ်စက်မှာ Driver ဘာအမျိုးအစား သိစရာ မလိုပဲ့နဲ့ကို စက်ရဲ့ Driver နဲ့ ကိုက်ညီတဲ့ Driver တွေကို Auto ရှာပြီး ဒေါင်းလုပ်လုပ်ပေးသွားမှာပါ။ ကဲ့ ဒီလောက်တောင် ကောင်းလိုက်တဲ့ နည်းလမ်းလေးက ဘာမို့လည်း ဘာ Software လည်းကြည့်ရအောင်.... အထွေးအထူးတော့ မဟုတ်ပါဘူး။ Driver checker ပါ။ အသုံးပြုလွယ်သလောက် လိုအပ်တဲ့ Driver တွေကို မှန်မှန်ကန်ကန် ဒေါင်းလုပ်ချပေးနိုင်တဲ့ software တမျိုးပါပဲ့ အသုံးပြုပုံလေး တချက်ကြည့်ရအောင်...
ကျွန်တော်တို့ အရင်ဆုံး Driver Checker ကို လိုအပ်ပါတယ်။ ဒီအောက်က လင့်ကနေ ဒေါင်းပါ။ ပြီးရင်တော့ ကျွန်တော်တို့ ရမ်း ရပါလိမ့်မယ်။ ရမ်းတဲ့ ချိန်မှာ serial key မတောင်းရင်လည်း အသုံးပြုတဲ့ အချိန်မှာ Key တောင်းပါလိမ့်မယ်။ ဒီထဲ့မှာ key ပါပြီးသားပါ။ ကြိုက်တဲ့ Key ကို အသုံးပြုနိုင်ပါတယ်။ Key လည်း ဖြည့်ပြီးပြီဆိုရင် အောက်က ပုံလေး လို ညာထောင်မှာ Register နေရာမှာ သော့ခလောက်လေးက သော့ခက်နေတဲ့ ပုံလေးကနေ ပွင့်တဲ့ ပုံလေး ဖြစ်နေပါလိမ့်မယ်။ ဒီချိန်မှာ ကျွန်တော်တိှု့ Start Scan ကို နိုပ်ပြီး လိုအပ်နေတဲ့ Driver တွေကို ရှာပါ။ သူဘာသာ ရှာသွားမှာပါ။
လိုအပ်နေတဲ့ Driver တွေကို အနီရောင်နဲ့ ပြမှာ ဖြစ်ပြီး ရှိပြီးသား တကယ်ကို ကိုက်ညီတဲ့ Driver Series တွေကိုတော့ အောက်ကလို အပြာရောင်လေးနဲ့ ပြနေမှာပါ။
လိုနေတဲ့ Driver ပုံစံလေးတွေကို အောက်က ပုံမှာ ကြည့်နိုင်ပါတယ်။ဒီလို လိုနေတဲီ့မငလနမ တွေကို ကျွန်တော် အပြာရောင်နဲ့ လေးထောင်ကွက် ၀ိုင်းပြထားတဲ့ အထဲ့က အစိမ်းရောင် ပုံလေးကို နိုပ်ပြီး ဒေါင်းလုပ် install လုပ်ရပါလိမ့်မယ်။
ကျွန်တော်တို့ အစိမ်းရောင်ပုံလေးကို နိုပ်လိုက်ရင် အောက်က ပုံလို Download , Install , Close သုံးမျိုးတွေ့ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို Driver တွေကိုပါ သိမ်းထားချင်တယ်ဆိုရင် Download ကို အရင်လုပ်ပါ ။ ပြီးသွားလို့ ပြည့်ပြီ ဆိုမှ install လုပ်ပေးလိုက်ပါ။ ဒါဆိုရင် window တင်ပြီးပြီးချင်း ဒီ Software လေး ရှိနေရင် အဆင်ပြေနေပါပြီ။ ဒါမှ မဟုတ် တခါ လုပ်ပြီးသားဆိုရင် သူ ဒေါင်းလုပ်ထားတဲ့ Location ထဲ့မှာ ကိုက်ညီတဲ့ Software တွေကို ဒေါင်းလုပ် Folder ထဲ့ကနေ သွားယူပြီး တနေရာမှာ သိမ်းထားလိုက်ပါ။ Location ကတော့ ဒီနေရာမျိုးပါ။
C:\Program Files\Driver Checker\download
တကယ်လို့မှ ကျွန်တော်တို့က အစိမ်းပုံလေးကိုလည်း နိုပ်မနေချင်ဘူး အလုပ်ရူပ်တယ် တခုချင်းလိုက်လုပ်နေရတာ မျက်စိနောက်တယ်ဆိုရင် Next ကို ဆက်သွားလိုက်ပါ။ ပြီးမှ အောက်ပုံမှာ တွေ့တဲ့ အတိုင်း Download , အရင်လုပ် ပြီးမှ Install လုပ်ပေါ့။
ဒီလောက်ဆိုရင် Driver series တွေ သိစ၇ာမလိုတော့ဘူး။ အင်တာနက်ရနေရင် အလွယ်တကူ ရှာနိုင်ပြီပေါ့။
ဟုတ်ပါပြီ အင်တာနက် မရတဲ့ သူတွေ အတွက် ကျတော့ ဘယ်လို ဖြေရှင်းနိုင်မလည်း?။..
ဒီတွက်လည်း မပူပါနဲ့ အမေးရှိရင် အဖြေရှိတယ် မဟုတ်လား ၊ ဒီ အတွက် အင်တာနက် မရတဲ့ ညီအကိုမောင်နှမများတွက် သဘောထားကောင်းကောင်းနဲ့ အလကားမျှဝေနေတဲ့ Driver Pack Solution ရှိပါတယ်။ အဲ့ဒီအဖွဲ့ အစည်းရဲ့ ဖြန့်ဝေမူကိုတော့ လေးစားမိပါတယ်ဗျာ။ သူကတော့ ဆိုဒ်ကြီးတယ်။ အမှန်ပြောရရင် 3 GB နီးပါး ရှိတယ်။ ဒါပေ့မယ် ဘာမှ ထွေထွေထူးထူးလုပ်နေစရာမလိုဘူး။ သူကို ဒေါင်းပြီးတာနဲ့ ခွေရိုက်လိုက်ရုံပဲ့ ပြီး ရင် လိုအပ်တဲ့ Driver တွေကို သူ့ဘာသာ Auto ရမ်းပေးသွားတယ်။ ဘယ်စက်အတွက် မဆိုပါ။ ပြီးတော့ ဘာဝင်းဒိုးပဲ့ ဖြစ်ဖြစ် အကုန် အဆင်ပြေပါတယ်။လိုချင်ရင် အောက်မှာ ယူလိုက်ပါ။
http://ifile.it/_wsux4pn]Driver pack solution
သန့်ဇင်ဌေး
0 comments:
Post a Comment