ကျွန်တော်တို့ တော်တော်များများ နောက်ပြန်ဆွဲနေရသလိုဖြစ်နေတာကိုတော့ တကယ်တန်း မကျေနပ်မိတာတော့ အမှန်ပဲ့ လူငယ်တွေ တော်တော်များများကလည်း ဒီအဆင့်ကို မရေးပေးရင် ဒီအဆင့်မှာပဲ့ ရွာလည်နေကြတာများတယ်တကယ်တော့ဒါတွေက ခေတ်နောက်ပြန်ဆွဲနေသလိုဖြစ်နေတာ....ဒါကဘာလည်းဆိုတော့ winrar ခွဲတာ ဆက်တာပဲ့ အဲ့လောက်တော့လည်း မခက်ခဲ့ပါဘူး ခွဲတာလည်း မခက်ခဲသလို ဆက်တာကလည်း မခက်ခဲ့ပါဘူး. ဖြစ်နေကြလေးတွေကိုတော့ ကျွန်တော် အခက်ခဲတွေနဲ့ လုပ်ရမှာတွေကို တွဲပြီး ရေးပေးသွားပါ့မယ်။
ဘာကြောင့် ဆက်နေရ ခွဲနေရတာလည်းဆိုရင် တနေရာနဲ့ တနေရာ sharing လုပ်တဲ့ အခါမှာ လွယ်ကူုအောင်လို့ အဓိကကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတွက် သိပ်အရေးကြီးတယ် နက်မကောင်းတဲ့ အတွက် တော်ယုံ Mb လောက်တွေကိုတောင် ဒေါင်းဖို့ မလွယ်ကူတဲ့ အခြေနေတွေရှိတယ် . ဒါကြောင့် မြန်မြန်လေးလည်းပြီးရမယ် ဒေါင်းနေတဲ့ အချိန်မှာလည်း နက်မလေးကျသွားရဘူး … အဲ့လိုတွေထက် 1 Gb ရှိတဲ့ဖိုင်ကြီးကို 1Gb စာလုံး နက်ပေါ်ကနေ ရှယ်ဖို့ကျပြန်တော့လည်း Mb လောက်ပဲ့ Uploading ဆိုဒ်တွေက လက်ခံတဲ့ အတွက် winrar ကိုပိုင်းကျ ဆက်ကျရတယ်။။။ကဲ့ အများကြီးပေါ့ ခွဲရ ဆက်ရတာ ဘာကြောင့်ဆိုတာကိုတော့ ရည်ရွယ်ချက်တွေကို သိနေပြီ. ဒီတော့ တနေရာကနေ တနေရာကို ရှယ်ယာ လုပ်တော့မယ်ဆိုရင် အသုံးပြုနိုင်အောင်လို့ ဒီနေရာမှာ ကျွန်တော် Multiple Uploading ဆိုဒ်အကြောင်းကို ရေးပေးထားတာ ရှိပါတယ်။ ဒီလို Sharing လုပ်ဖို့ တွက် winrar ခွဲတက်ဆက်တက်ဖို့ ကျွန်တော်တို့ ရှေ့ဆက်ကြရအောင်...
အရင်ဆုံးဘာပဲ့ ဖြစ်ဖြစ် လုပ်ကြရမှာက ဖိုင်တဖိုင်ကို ရလာပြီဆိုပါဆို ဒီဖိုင်ကို 162 Mb ရှိတယ် ဆိုကြပါစို့..... အဲ့ ရှိတဲ့ ဖိုင်ကို ကျွန်တော်တို့ နမူနာ ခွဲမယ် ဆက်မယ်ပေါ့.. ပထမဆုံးခွဲမယ် ဖိုင်က အောက်ကပုံလေးလို ရှိနေပါမယ်။
ဒီလို ရှိနေတဲ့ ဖိုင်ကို ကျွန်တော်တို့ Mb 50 ဆီပိုင်းပါမယ်။ တကယ်လို ဒီနေရာမှာ ကိုယ်ရှိနေတဲ့ ဖိုင်က 1gb လောက်၇ှိတယ်ဆိုလည်း မိမိ စိတ်ကြိုက် Mb 200 ပဲ့ ဖြစ်ဖြစ် 100 ပဲ့ ဖြစ်ဖြစ် စိတ်ထဲ့ ရှိသလိုပိုင်းလို့ ရပါတယ် ဒါကတော့ ကျွန်တော် နားလည်လွယ်အောင် ရှင်းပြထားတာမို့ပါ.။အခုတော့ 50 Mb နဲ့ ပိုင်းပါမယ် အဲ့တော့ ဖိုင်ကို ညာကလစ်ထောက်ပြီး Add to archive ကို နိုပ်လိုက်ပါမယ်။ အောက်က ပုံကိုကြည့်လိုက်ပါ။
ဒီနေရာမှာ မြှားနီနဲ့ ပြထားတာကတော့ လိုသလောက် ဖိုင်တွေကို Mb တွေ ခွဲပြီး ပိုင်းမှာပေါ့ ။ အောက်က မြှားနက်ကတော့ ဖိုင်ထဲ့မှာ ရှိသလောက် Mb အားလုံးကို တဖိုင်တည်းချုပ်မှာပါ။ ကျွန်တော်တို့က ဖိုင်တွေ ခွဲပြီးပိုင်းမှာဆိုတော့ Addd to archive ကိုရွေးမှာပါ။ ဒါဆိုရင် ဒီအောက်ပုံလေးလိုထပ်ပေါ်လာပါလိမ့်မယ်..
ဘေးဘက်မှာ ကျွန်တော် အစိမ်းနုလေးနဲ့ လေးထောင့်ကွက် ပြထားတာကတော့ စာကိုဖတ်ကြည့်ယုံနဲ့ နားလည်နိုင်ပါတယ်။ ဒီကောင်လေးတွေကို မိမိဘာသာ ဆက်ပြီး စမ်းကြည့်ပါ။ အခုကျွန်တော် ပိုင်းတာ ဆက်တာကို ဆက်ရှင်းပြပါ့မယ်။ အောက်ဆုံးမှာ အနီနဲ့ ၀ိုင်းပြထားတဲ့နေရာမှာ ကျွန်တော်တို့ 50Mb ပိုင်းမယ်ဆိုရင် 50 ကို အရင်ထည့်ပြီးရင် 0 (သုည) 6 လုံးထပ်ထည့်ပါ့မယ်။ ဘာလို့ ထည့်တာလည်းဆိုတော့ 1 Mb =1000000B နဲ့ ညီလို့ ပါပဲ့။ ဒါဆိုရင် ကျွန်တော်တို့ 162 Mb ရှိတဲ့ ဖိုင်ကို 50Mb ဆီပိုင်းမှာဆိုတော့ 50 000 000 ( 0 ကို နောက်မှာ ၆ လုံးထပ်ကပ်ပေါင်းထည့်ရပါမယ်။) ပေါင်းထည့်ပြီးလို့ ကျွန်တော်တို့က Password ခံချင်တယ်ဆိုရင်တော့ Advanced tab ကို သွားပါ။ အောက်ကပုံလေးကို ဆက်ကြည့်ပေးပါ..
ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ Set password ကိုနိုပ်ပြီး မိမိ ကြိုက်နှစ်သက်ရာ Password ပေးနိုင်ပါတယ် Password ပေးတဲ့ ချိန်မှာ မမှားအောင်လို့ Show password ဆိုတာကို အမှန်ခြစ်လုပ်ထားရင် ပိုကောင်းပါတယ်။ Password ကို စိတ်ကြိုက်ထည့်ပြီးပြီဆိုရင်တော့ Ok နိုပ် လိုက်တာနဲ့ အောက်ကပုံလို အလုပ် စလုပ်သွားပါလိမ့်မယ်။
စက်ရဲ့ Performanced ကောင်းရင် ကောင်းသလောက် မြန်တဲ့ အပြင် ကျစ်ကျစ်လစ်လစ် ပိုခွဲနိုင်ဆက်နိုင်ပါတယ်။ ဒီလောက်ဆို ခွဲတဲ့ အပိုင်းကို နားလည်လောက်ပြီလို့ ကျွန်တော်ထင်ပါတယ် တကယ်လက်တွေလိုက်လုပ်ကြည့်ရင် မျက်စိထဲ့ မြင်ယုံမဟုတ်ဘူး တကယ်လွယ်ပါလားဆိုတာကို သိပါလိမ့်မယ်။နောက်ဆုံးမှာတော့ အောက်ကပုံလို အပိုင်းတွေနဲ့ တွေပါလိမ့်မယ် ဒါဆို ပိုင်းတဲ့ အပိုင်းလေး ပြီးပါပြီ။
မှတ်ချက် Winrar ရှိဖို့တော့ လိုပါတယ်။မိမိစက်မှာ ရမ်းပေးထားပြီးသားဖြစ်ရပါမယ်။
ဘယ်လိုပြန်ဆက်
ကျွန်တော် ဒီတွေ့ကြုံခဲ့ရတဲ့ ပြသနာလေးကတော့ ကွန်ပျုတာ စသုံးတဲ့လူတွေ အဖြစ်များတဲ့ ဖြစ်ရပ်လေး တခုပါ ဒါပေ့မယ် မေးတာထက် ကိုယ်ကိုတိုင်က ဘာမှ မသိလို့ ကျွန်တော်တို့ ဖြေလိုက်တဲ့ အဖြေကို ဘာမှ သိမှာ မဟုတ်ပါဘူး ကျွန်တော်တို့လည်း မြန်မာလို့ ရှင်အောင် နားလည်အောင် သေချာ ကိုပြောပြပါတယ် Eng လိုမပါအောင် အတက်နိင်ဆုံးပြောပြပါတယ် ။ဒါပေ့မယ် စာမေးတဲ့ လူက အမေး ပဲ့ ရှိတယ် အဖြေကို သိအောင်ပြောပြနေတာတောင် ဘယ်က စလုပ်ရမှန်းမသိတော့ခက်တယ်ဗျာ။ ဒီလိုဗျာ ကျွန်တော်တို့ window စတင်တင်ပီးပီးချင်းမှာ မြန်မာ လက်ကွက်ဖောင့်ကို မရဘူး အဲ့တာကြောင့် Zawgyi ကို ကျွန်တော်တို့ ရမ်းကြတယ် ။ အဲ့တာက ပြသနာစတက်တာပဲ့ ရမ်းတက်တယ်။ မရှာတက်ဘူး ဒါကြောင့် Hosting တခုခု မှာတင်ပေးထားတဲ့ လင့် တခုကိုပေးပီးဒေါင်းလုပ်ချခိုင်းတယ် ။ အဲ့တာကိုတော့ ဒေါင်းတက်ကြမယ်ထင်ပါတယ်။ မဒေါင်းတက်မှာ စိုးလို့ရယ် နောက်ထပ် Error အများစုတွက်ရယ်ဆိုပီး ပြောပြမယ်လို့ စီစဉ်လိုက်မိတယ်။ zawgyi ကို နောက်ပိုစ့် မှာတင်ပေးသွားပါမယ်။ ( zawgyi ဆိုတာ ဥပမာ ပြောတာပါ)
ဒေါင်းလုပ်ချနည်းနဲ့ ZIP ,Rar, ဖြည်နည်း
ဒေါင်းတယ်ဆိုတာ ဘာမှ မခက်တဲ့အလုပ်ပါ.။ Free hosting မှာ တင်ထားတဲ့ ဖိုင်ကိုပဲ့ ကျွန်တော်တို့ ဒေါင်းခိုင်းကြတာများပါတယ်။ Free Host မှာ Upload တင်တာကိုလည်း ဒီနေရာမှာ http://www.globalitmyanmar.org/forum/viewtopic.php?f=69&t=61 ရှင်းပြထားခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အတင်အများဆုံး ဆိုဒ်တွေကတော့
Code:
အဲ့လင့်တွေကနေ တင်ပေးတာ များပါတယ် ဒီလင့်တွေမှာ ဆိုရင် http://www.mediafire.com/ နှင့် http://ifile.it/ နဲ့က ပြောစရာ မလို့ပါဘူး အပေါ်မှာလည်း ကိုကျောက်ဖြူ နဲ့ ကိုမျိုးမင်းဇော် Video ဖိုင်တွေ နဲ့ ပြသွားတာတွေ ရှိပါတယ်။ နိပ်လိုက်ရင် ဒေါင်းဖို့နေရာတွေ ကို တန်းတွေ ပါတယ် ။ တခြား Hosting ဆိုဒ်တွေ ကျတော့် တလင့်တည်းကို နိပ်လိုက်ရင် ဘာသွားတွေ့လည်းဆိုတော့( ဥပမာ http://up4vn.com/ လို လင့်မျို့း )ဘာဖြစ်လာလည်းဆိုတော့ တလင့်ပေးလိုက်ပေ့မယ် ဒေါင်းလုပ်ချခွင့်ပေးတဲ့နေရာက ၆ နေရာလောက်က ဖြစ်သွားတော့ ၆ နေရာလုံးက ဒေါင်းလုပ်ချရမှာလား ပြန်မေး? ………..အဖြေက NO ပါ တနေရာ တလင့်လင့်က ဒေါင်းရင် ရပါပီ ဥပမာ ပုံကိုကြည့်ပါ
တနေရာကဆိုရပါပီ ကဲ့ဟုတ်ပီ ဒီတနေရာက ဒေါင်းလို့ ဖိုင်ကို ရသွားပီ ကျွန်တော်တို့က Zip ဒါမှ မဟုတ် rar နဲ့ ချုပ်ထားတယ် ။အဲ့တာကို rar ပြန်ဖြည့်ပေးမှ ကျွန်တော်တို့ လိုချင်တဲ့ဖိုင်ကို ဖိုရာနဲ့ ရပါမယ်။အဲ့တာမှ အဆင်ပြေပါမယ် ။ Winrar ရှိဖို့ လိုလာပီ ပြန်ဖြည်ပေးဖို့တွက် ဒါဆို ဒီနေရာမှာ သွားယူလိုက်ပါ.။
အဲ့လိုမှ မလုပ်ချင်ဘူး ဆိုလည်း http://ninite.com/ တို့ http://www.filehippo.com/ တို့မှာ သွားဒေါင်းပီးရမ်းလည်းရပါတယ်။ ဖိုင်ဖြည်ပါဆိုတော့ ဘယ်လိုဖြည်ရမလည်း ဆိုတော့ ဒေါင်းလုပ်ချလို ရလာတဲ့ ဖိုင်ကို Right click ထောက် ပီးတော့ Extract here ပေါ့ အဲ့လို လုပ်လိုက်ယုံလေးပါ။ အောက်ကပုံကို ကြည့်ရင်သိမယ် မြင်မယ် ထင်ပါတယ်။ Right click ဆိုတာ ညာကလစ်လားလို့တော့ မမေးပါနဲ့တော့လား :P ပီးတော့ Extract here ကိုတော့ တွေ့ကောင်းပါရဲ့ ။ဒီအောက်က ပုံလေးက တော့ winrar ရမ်းပီးရင် ပေါ်နေမယ် ပုံစံလေးပါ rar ဖိုင်ပဲ့ ဖြစ်ဖြစ် zip ဖိုင်ပဲ့ ဖြစ်ဖြစ် အဲ့လို ပေါ်နေမှာ ပါ။ အပေါ်မှာ Video နဲ့ ပြထားတာတွေ ရှိပါတယ် တချို့ မြန်မာ က လူတွေ ကြည့်လို့ မရရင် ဒေါင်းပီးကြည့်ဖို့ နေရာလေးတွေ ပါပေးထားပါတယ် ခုတော့ ကျွန်တော်က ပုံလေး နဲ့ ပြပါမယ်။
HJ Split နဲ့ ပြန်ဆက်တာလည်း သဘောတရားက တူတူပါပဲ့ နည်းပညာရပ်ဝန်းမှာက ဒီနေရာမှာလည်း ရေးပေးထားတာ ရှိပါတယ် ဒါလေးကိုတော့ ကြုံလို့ တခါတည်း ထည့်ပြောသွားလိုက်တာပါ ။ ဘာမှ မခက်ပါဘူး ဒီလင့်လေးကို သွားကြည့်လိုက်ယုံပါပဲ့  ။
သန့်ဇင်ဌေး
0 comments:
Post a Comment